Exit print mode Print Data A+ A- Undo all

Drifting Home

What is the secret hidden in the apartment complex?
Drifting HomeDrifting Home

Synopsis:

တိတ်ဆိတ်မှု … ပင်လယ်ပြာ၏ တေးသီသံ၊ ရေလှိုင်းငယ်တို့၏ ကခုန်ဟန်တို့ကလွဲ၍ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည့် အထီးကျန်မှု … “နွေရာသီ ကျောင်းပိတ်ရက်တောင် ရောက်ပြီပဲ” မျက်နှာပေါ်ထိုးကျနေသည့် နေရောင်ခြည်အနွေးဓာတ်က ပင်လယ်ရေမျက်နှာပြင်အထက် ဖြတ်သန်းတိုက်ခိုက်လာသော လေပြေအေးတို့အား တားဆီးပိတ်ပင်ပေးထားလေ၏။ “Butamen အသင့်စားခေါက်ဆွဲတွေ အများကြီး ဝယ်စုထားသေးတယ်” လေလံနေဆဲဖြစ်သော မျက်ခွံနှစ်လွှာက ယခုထိတိုင် ဖွင့်ရခက်နေဆဲ။ “နောက်ထပ် ကျောင်းပြန်ဖွင့်မယ့် အချိန်အထိ ဘာများလုပ်နေရမလဲ …” အိပ်ယာနိုးခါစဖြစ်သဖြင့် ထိုင်းမှိုင်းနေသည့် ခန္ဓာကိုယ်အား တွန်းထူအားပြုလျက် ငိုက်မြည်းနေဆဲ မျက်လုံးနှစ်လုံးအား အတင်းအကျပ်ဖွင့်ကြည့်လိုက်မိတော့ … ရေလှိုင်းသံတို့နှင့် ပင်လယ်ပြာကြီးကာ မရှိတော့။ တိမ်လွှာတို့ဖြင့် ဖြူပြာနေသော ကောင်းကင်အောက်၌ အနီးပတ်ဝန်းကျင်မှ ဆောက်လုပ်ရေး ဆူညံသံတို့ဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် နေ့တစ်ရက်၏ တက်ကြွမှုအပေါင်းအား မီးမောင်းထိုးပြပေးလျက်ရှိလေသည်။ လူသူကင်းစင်သော အဆောက်အအုံဟောင်းကြီးများ အလယ်၌ ဆောက်လုပ်ရေးလုပ်သားနှစ်ယောက် စကားပြောနေကြ၏။ နားစွန်နားဖျား​ကြားရသလောက်တော့ ဤအဆောက်အအုံတန်းယားကြီး၏ နာမည်ကြီး သရဲခြောက်ခံရခြင်း ပုံပြင်များအကြောင်းပြောနေကြခြင်း ဖြစ်လိမ့်မည်ထင်။ စာလုပ်ရမည်ဆို သစ္စာဖောက်တတ်သော မျက်လုံးအစုံက နွေရာသီအိမ်စာတွေလုပ်ရင်း ငိုက်မြည်းလာပြန်သဖြင့် သည်းမခံနိုင်သည့်အဆုံး စာပွဲပေါ်၌သာ မှောက်အိပ်မိလိုက်တော့လေ၏။ အိမ်မက်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သော မှတ်ဉာဏ်တို့ကြောင့် မျက်လွှာချထားလျက်ကပင် မျက်ရည်စတို့က အိမ်စာ, စာအုပ်အပေါ်သို့ ကျသွားလိုက်ချေသေး … နွေရာသီ၏ နေဝင်ချိန် ရောင်နီဝန်းအောက်၌ … အတိတ်က အမှတ်တရတို့အား ပြန်လည်တမ်းတမိရင်း … “အဖိုး Yasuji …” ဤ Kamanomiya အိမ်ယာဝန်ကြီးက လက်ရှိအချိန် ပြန်လည်တည်ဆောက်ရေးစီမံကိန်းအတွက် ဖြိုဖျက်မှုလုပ်ငန်းခွင်များမတိုင်ခင်အထိ ပြီးခဲ့တဲ့နှစ် ၆၀ လုံးလုံး လူသူလေးပါးတို့အတွက် နေစရာ၊ ပျော်စရာ၊ အမှတ်တရဖြစ်ဖွယ်ရာ အတိတ်ပေါင်းများစွာ သန္ဓေတည်မွေးဖွားပေးခဲ့သည့်နေရာတစ်ခုပါ။ အခုကတော့ … တစ်ချို့က သည်နေရာကို သရဲခြောက်သော အဆောက်အုံတန်းယားကြီးတဲ့။ ကျွန်တော်တို့ကတော့ အိမ်လို့ပဲခေါ်ပါတယ်။ အထူးသဖြင့် … ကျွန်တော်နဲ့ Natsume အတွက် အထူးတန်ဖိုးထားရတဲ့ အိမ်လေးတစ်လုံးပေါ့။

 

Review – “Kamanomiya အိမ်ယာဝန်းကြီးဟာ နှစ်ခြောက်ဆယ်ကြာပြီးနောက် အိုဟောင်းနေပြီဖြစ်သဖြင့် ဖျက်သိမ်းအမိန့်ကျလာခဲ့သဖြင့် အိမ်ရာတိုက်ခန်းတွေမှာ နေတဲ့သူတွေဟာ တခြားနေရာတွေကို ပြောင်းရွေ့နေထိုင်ကြရပါတော့တယ်။ သည်လိုနဲ့ Natsume နဲ့ Kosuke တို့ဟာလည်း မူလက အတူနေထိုင်ရာကနေ အခုတော့ တစ်ယောက်တစ်နေရာဆီ ကွဲကွာသွားရတော့တာပေါ့။ အထူးသဖြင့်တော့ Kosuke ရဲ့အဖိုးဖြစ်သူ Yasuji ဆိုသူ ဆုံးပါးသွားပြီးနောက်ပိုင်းကစလို့ သည်ခြောက်တန်းကလေး နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရင်းပေါင်းစုံတို့ကြောင့် မသင့်မမြတ်တွေဖြစ်လာကြတော့တာပါပဲ။ နောက်တော့ Natsume ရဲ့အမေက သူ့သမီးကို Kosuke တို့ဆီကနေ ပြန်လာခေါ်သွားတာပါ။ မည်သို့ပင်ဖြစ်စေကာမူ Natsume နဲ့ အရင်လို ပြန်လည်သင့်မြတ်ချင်ပေမယ့်လည်း မာနတစ်ခွဲသားကြောင့် ကိုယ့်ဘက်ကအရင်စ ဆက်သွယ်ဖို့ တွန့်ဆုတ်နေမိတဲ့သူကတော့ Kosuke … သည်အချိန် Natsume ကတော့ သူအရင်နေထိုင်ခဲ့ရာ တိုက်ခန်းဟောင်းဆီသို့ မကြာခဏဆိုသလိုသွားရောက်နေတတ်တာပေါ့။ တစ်ရက်တော့ Kosuke ရဲ့ သူငယ်ချင်းတွေဟာ သရဲခြောက်သည်ဟု အင်မတန်နာမည်ကြီးတဲ့ အဆိုပါ အိမ်ယာဝန်းအဟောင်းဆီသို့ စွန့်စားလေ့လာရေးသွားလုပ်ကြမယ်ဟု အကြံပြုလာပါလေရော။ Natsume နဲ့ အဖိုးတို့သူတို့၏ အမှတ်တရတွေကို မေ့ဖြောက်ပစ်ချင်နေတဲ့ Kosuke ကတော့ အစပိုင်းမှာ ငြင်းဆန်နေခဲ့သော်လည်း ငြင်းမရတဲ့အဆုံးမှာ သူငယ်ချင်းနှစ်ယောက်နောက်ကို လိုက်ပါသွားရပါလေရဲ့။ အဲ့မှာတင် ယခင်နေထိုင်တဲ့တိုက်ခန်းဟောင်းဆီရောက်တော့ အိပ်ပျော်နေတဲ့ Natsume ကိုတွေ့လိုက်ရတော့တာပေါ့။ အကြောင်းစုံမေးမြန်းကြည့်ကြတဲ့အခါမှာ Natsume က Noppo လို့ခေါ်တဲ့လူတစ်ယောက်ဆီ လာတာလို့ဆိုပါတယ်။ သည်အချိန် Kosuke တို့ကို အိမ်ယာဝန်းအဟောင်းထဲမှာ တွေ့လိုက်ကြတဲ့ အတန်းဖော်နှစ်ယောက်၊ Reina နဲ့ Juri တို့ဟာလည်း Kosuke တို့အနောက်ကိုလိုက်လာကြပါတယ်။ အဲ့နောက် ထူးဆန်းတဲ့ မိုးပြေးတစ်ချက် သည်းကြီးမဲကြီးရွာချလာခဲ့တဲ့နောက်မှာတော့ … သူတို့ရောက်ရှိသွားတဲ့နေရာက … အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကြီးတစ်ခုလား …” ဒီကားလေးကိုတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ Studio Colorido ရဲ့ တာဝန်ယူရိုက်ကူးပေးမှုနဲ့အတူ Netflix ကနေ ဖြန့်ချီပေးထားခဲ့ပါတယ်။ စာလည်း အတော်ရှည်သွားပြီမို့ Review ကို ဒီမှာတင်ရပ်နားပြီး ဇာတ်လမ်းလေးပဲကို ကိုယ်တိုင်လိုက်ပါ စီးမျောလိုက်ကြရအောင်ဗျာ …

Information

Type: Movie
Episodes: 1
Status: Finished Airing
Aired: Sep 16, 2022
Producers: Twin Engine
Licensors: None found, add some
Studios: Studio Colorido
Source: Original
Genre: Fantasy
Duration: 2 hr.

Rating: G – All Ages

#Translator_K
#Encoder_Evil

Original title
Drifting Home
Director
Atsuto Masuda, Hiroyasu Ishida, Kei Masaki, Masato Takeuchi, Taku Kimura, Yo Watanabe
Stars
Asami Seto, Ayumu Murase, Bin Shimada, Daiki Yamashita, Inori Minase, Kana Hanazawa, Mutsumi Tamura, Nana Mizuki, Rikako Aikawa, Yumiko Kobayashi
Release Date
16 Sep 2022
Rated
PG
Runtime
119 min
Awards
1 nomination
Country
Japan
Popularity
25.367
Status
Released
ID IMDb.com
tt15494038
IMDB Rating
6.2
IMDB votes
2,760
ID Themoviedb.org
877957
TMDb Rating
7.613
TMDb votes
208