SABF : Summer Anime Best Friends
1080p BluRay Harmony
Report error

Report error

ဆောင်းဦးရဲ့ အရိုင်းတုံးတောင်မဟုတ်ပဲနဲ့ တိမ်မြှုပ်နေတဲ့ လက်လက်ထ ရတနာလေးကတော့ Studio 4°C ရဲ့ ကာရန်ညီသံစဥ်လေး… Harmony တဲ့ ။ စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်းmovieဖြစ်လို့ Sci-fi genreနဲ့ပဲ ကြေငြာထားပေမယ့် plot နဲ့ art styleကတော့ ရှယ်ပါပဲ ။ အရိုင်းတုံးလို့ ဆိုလို့မရဘူးလို့ ဘာကြောင့်ပြောတာလဲဆိုရင်တော့ ဒီဇာတ်ကားဟာ 2016 Future Film Festival မှာ Platinum Grand Prize ရထားတဲ့ ကားမလို့ပါပဲ ။ ဒါကြောင့် Prize ချိတ်တဲ့ဇာတ်ကားတွေကို collectionလုပ်ကြည့်တတ်တဲ့ သူများရှိရင်လဲ အဆင်ပြေတယ်နော်။ ကဲ Reviewလေး အစချီရမယ်ဆိုရင်ဖြင့် 2019ရဲ့ နျူးကလီးယားကမ္ဘာစစ်ရိုက်ခတ်မှုနောက်ဆက်တွဲအနေနဲ့ လူသားတွေဟာ Maelstrom လို့ခေါ်တဲ့ ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီကပ်ဘေးအလွန် နှစ်50အကြာမှာတော့ WHO ဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေကို ပြန်လည်တည်ဆောက်ရင်း နိုင်ငံရေးအာဏာတွေကိုလဲ ချုပ်ကိုင်နိုင်ခဲ့တဲ့အခါ လူသားတွေကို လုပ်အားအရင်းမြစ်တွေအနေနဲ့သတ်မှတ်ပြီး ပိုမိုပျော်ရွှင်တဲ့ဘဝအတွက် အာမခံပေးခဲ့တယ်။ ပိုကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ နည်းပညာတွေရဲ့ ထောက်ပံ့မှုနဲ့အတူ လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကလဲ မြင့်မားလာတာပေါ့ ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဂျပန်လူမျိုးတွေရဲ့ အလွန်အကျွံကြင်နာမှုတွေကြား မွန်းကြပ်လာတဲ့ Miach Mihieဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ သူ့သူငယ်ချင်း နှစ်ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့သူငယ်ချင်းထဲက တစ်ယောက်ဖြစ်တဲ့ Cianကတော့ Miach ရဲ့အမြင်တွေကို လက်မခံနိုင်တော့တာကြောင့် သစ္စာဖောက်ပြီး သူတို့သူငယ်ချင်း Tuanနဲ့ပတူ အသက်ရှင်ခဲ့တယ် ။ ၁၃နှစ်အကြာမှာတော့ Tuan တစ်ယောက် WHO အဖွဲ့ခွဲ Helix အဖွဲ့ဝင်အနေနဲ့ ဂျပန်နိုင်ငံကို ပြန်ဖို့ အကြောင်းဖန်လာရင်း သူငယ်ငယ်က ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံမှာ လူတွေအများကြီး suicide လုပ်လာကြတာကို တွေ့ရတဲ့အခါမှာတော့ အလွန်အကျွံ Suicide လုပ်တဲ့ Caseကို စုံစမ်းဖို့လုပ်ရင်း ဘာတွေ ကြုံရင်း ဘယ်လိုတွေ ဖြေရှင်းမလဲဆိုတာကိုတော့…အားလုံးပဲ ကျွန်တော်တို့ SABFနဲ့အတူ အဆုံးထိ ကြည့်ရှုအားပေးရင်း ခံစားကြရအောင်နော်

Harmony
Harmony
Harmony

Related movies