Exit print mode Print Data A+ A- Undo all

Porco Rosso

A Pig's Got to Fly
Porco RossoPorco Rosso

Synopsis:

“ကျိန်စာတစ်ခုကြောင့် ၀က်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ Marco Pagot ဟာ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ အီတလီရဲ့စစ်သူရဲတစ်ယောက်အဖြစ် တာ၀န်ကျေပွန်ခဲ့ပြီးနောက်မှာ Adriatic ပင်လယ်အတွင်းမှ ကောင်းကင်ပင်လယ်ဓားပြလို့ခေါ်တဲ့ ဒုစရိုက်သမားတွေကို နှိမ်နင်းပေးနေတဲ့ လျှို၀ှက်ဆန်းကြယ်သော Bounty Hunter တစ်ဦးဖြစ်သူ Porco Rosso အဖြစ်နေထိုင်လျက်ရှိပါတယ်။ သူဟာ ပိုက်ဆံရှာဖို့ရယ်နဲ့ အဆိုတော်တစ်ဦးလည်းဖြစ် Adriano ဟော်တည်ရဲ့ပိုင်ရှင်တစ်ဦးလည်းဖြစ်တဲ့ သူ့ရဲ့မိတ်ဆွေ မိန်းမလှလေး Gina ထံသို့ တစ်ခါတစ်ရံ အလည်အပတ်သွားရောက်သည်တို့ကလွဲရင် သူနေထိုင်ရာ ဆိတ်ငြိမ်အေးချမ်းတဲ့ ကျွန်းကနေထွက်ခွာလေ့မရှိပါဖူး။ တစ်နေ့ Porco တစ်ယောက် သူ့ရဲ့ ချို့ယွင်းနေတဲ့ အင်ဂျင်တစ်ခုကို ပြင်ဖို့အတွက်သွားနေတဲ့ လမ်းမှာ Donald Curtis ဆိုတဲ့ နာမည်ကြီး အမေရိကန် Ace တစ်ဦးထံကနေ သေနတ်နဲ့ပစ်ပြီးလုပ်ကြံတာကို ကြုံလိုက်ရပါတယ်။ Donald ဟာလဲ သူလုပ်ခဲ့တဲ့လုပ်ရပ်အပေါ် ဂုဏ်ဆာတဲ့အတွက် ၀က်ပျံ (Porco Rosso) သေဆုံးသွားပြီဖြစ်ကြောင်းကို ချက်ချင်းပင်အတိအလင်း​ကြေငြာလိုက်သလို အဲ့လို Porco ကို လုပ်ကြံရတာဟာလဲ Donald ဆီမှာ သူ့အတွက်အရေးပါတဲ့အကြောင်းအရင်းတစ်ခု​ကရှိနေပြန်ပါတယ်။ လုပ်ကြံမှုကနေ အသက်မသေပဲလွတ်မြောက်ခဲ့ပေမယ့် Gina ကို စိတ်ပျက်အောင်မလုပ်ချင်တဲ့ Porco ဟာ Piccolo S.P.A ဟုခေါ်သော နာမည်ကြီး လေယာဥ်ကုမ္မဏီထံသို့သွားရောက်၍ ချေးငွေအမြောက်အမြားထုတ်ကာ သူ့ရဲ့ တိုက်လေယာဥ်ကို ပြင်ဆင်ဖို့ ကြိုးစားပါတော့တယ်။ အဲ့နောက်မှာတော့ Porco ဟာ Piccolo S.P.A ရဲ့ Chief Enginner တစ်ဦးဖြစ်သူ သူ့မကိုယ်သူမ သက်သေပြနိုင်အောင်ကြိုးစားနေရှာတဲ့ အသက် ၁၇ နှစ်အရွယ် Fio Piccolo နဲ့အတူ သူ့ရဲ့လေယာဥ်ကိုပြင်ဆင်ဖို့ကြိုးစားပြီး Donald ကို တရာ၀င်ပြန်လည်စိန်ခေါ်ရင်း ဆုံးရှုံးသွားတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရယူဖို့ကြိုးပမ်းပါတော့တယ်။ Donald Curtis ရဲ့ Porco Rosso အပေါ်လုပ်ကြံမှုနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲ? Fio Piccolo ကရော ဘယ်သူလဲ? Gina နဲ့ရော Porco တစ်ယောက်ပြန်လည်ဆုံစည်းနိုင်ပါ့မလား? Porco နဲ့ Donald တို့ရဲ့ နောက်ဆုံးစိန်ခေါ်ပွဲကရော ဘယ်လိုအဆုံးသတ်သွားမလဲ? အစရှိတဲ့ အကြောင်းအရာတွေကိုတော့ 1992 ခုနှစ်မှာ Studio Ghibli ကနေ Animated ပေးခဲ့တဲ့ Porco Rosso ဆိုတဲ့ ယခု Animation ရုပ်ရှင်လေးမှာကြည့်ရှုရမှာဖြစ်ပါတယ် …”

 

ဒီဇာတ်လမ်းလေးကိုတော့ Studil Ghibli ရဲဖခင်ကြီးဖြစ်သူ Hayao Miyazaki ရဲ့ 1989 မှာထွက်ရှိခဲ့တဲ့ Watercolor Manga တစ်ပုဒ်ဖြစ်သော The Age of the Flying Boat (Hikōtei Jidai) ကို အခြေခံပြီး Hayao Miyazaki ကိုယ်တိုင်ကပင် ဒါရိုက်တာအဖြစ်ပါ၀င်ပြီး 1992 မှာ Animation Movie ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပါတယ် … ဘတ်ဂျတ်အနေဖြင့် ယန်း 2.8 Billion (ဒေါ်လာ 9.2 Million) အသုံးပြုခဲ့ပြီး Box Office မှာတော့ ယန်း 5.8 Billion ပြန်လည်ရရှိကာ 1992 ခုနှစ်ရဲ့ ဂျပန်စျေးကွက်မှာ နံပါတ်တစ် ဇာတ်ကားအဖြစ်ရပ်တည်နိုင်ခဲ့သလို 1992 ခုနှစ် Mainichi Flim Award ရဲ့ Animation ကဏ္ဍ အတွက် ဆုကိုလဲ ရရှိခဲ့ပါတယ် … Music ပိုင်းမှာလဲ Studio Ghibli ရဲ့ ကားတိုင်းလိုလိုမှာပါ၀င်ခဲ့တဲ့ Joe Hisaishi ကပဲ ပါ၀င်အားဖြည့်ပေးထားသလို Seiyuu တွေဟာ ဆိုရင်လဲ တကယ့်ကို တစ်ခေတ်တစ်ခါက ထိပ်ထိပ်ကြဲတွေသာ ပါ၀င်ထားတာဖြစ်ပါတယ် … ပထမဆုံး English Dubbing version ကိုတော့ 2002 ခုနှစ်မှာ Japan Airlines အတွက်ထုတ်ပေးခဲ့ပြီး Feb 22, 2005 ခုနှစ်မှာတော့ Walt Disney မှနေ၍ Re-Dubbing ပြန်လုပ်ပေးခဲ့ပြီး အမေရိကန် နဲ့ ကနေဒါတို့မှာ Blue-ray နဲ့ DVD ကိုဖြန့်ချီပေးခဲ့ပါတယ် … Nov 21, 2017 မှာတော့ GKIDS ကနေ ပြန်လည် re-issued ရယူပြီး Studio Ghibli နဲ့ စာချုပ်အသစ်ချုပ်ဆိုကာ Blue-ray နဲ့ DVD ထပ်မံဖြန့်ချီခဲ့ပါတယ် … ဒီကားထဲက Setting တော်တော်များများကို Hayao Miyazaki အနေနဲ့ တကယ့်သမိုင်းအဖြစ်အပျက်နဲ့ ပထ၀ီမြေအနေအထားတွေအပေါ်မှာ အခြေခံတော်တော်ယူထားခဲ့ပြီး တော်တော်လေးလဲ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားမို့လို့ သိပ်ပြီးရှည်ရှည်​ေ၀း​ေ၀း​စဥ်းစားမနေတော့ပဲ Cmt က Link ထဲ၀င်ပြီးပဲသာ ကြည့်လိုက်ကြပါတော့လို့

 

Information

Type: Movie
Episodes: 1
Status: Finished Airing
Aired: Jul 18, 1992
Producers: Tokuma ShotenNippon Television Network
Studios: Studio Ghibli
Source: Manga
Genres: ActionMilitaryAdventureComedyHistoricalDramaRomance
Duration: 1 hr. 33 min.

Rating: G – All Ages

Translated and Encoded by SABF team

Original title
Kurenai no buta
Director
Hayao Miyazaki, Hiroshi Kawanishi, Masahito Yamamoto, Shin'ichi Matsumi
Stars
Akemi Okamura, Akio Otsuka, Hiroko Seki, Osamu Saka, Reizō Nomoto, Sanshi Katsura, Shûichirô Moriyama, Tokiko Katô, Tsunehiko Kamijô, Yu Shimaka
Release Date
16 Dec 1994
Rated
PG
Runtime
94 min
Awards
3 wins
Country
Japan
Popularity
32.469
Status
Released
ID IMDb.com
tt0104652
IMDB Rating
7.7
IMDB votes
81,429
ID Themoviedb.org
11621
TMDb Rating
7.8
TMDb votes
2186