SABF : Summer Anime Best Friends
MASHLE: MAGIC AND MUSCLES

マッシュル-MASHLE-

1 Seasons 12 Episodes
Returning Series

MASHLE: MAGIC AND MUSCLES

8.125
TMDb: 8.125/10 8 votes

General information

Original nameマッシュル-MASHLE-

Backdrops

MASHLE: MAGIC AND MUSCLES
MASHLE: MAGIC AND MUSCLES
MASHLE: MAGIC AND MUSCLES
MASHLE: MAGIC AND MUSCLES
MASHLE: MAGIC AND MUSCLES

Synopsis of MASHLE: MAGIC AND MUSCLES

Review – “မှော်ပညာသည်သာ အသက်၊ မှော်ပညာသည်သာ အရာရာ ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ Mash Burnedead ဆိုတဲ့ကောင်လေးဟာ ထူးထူးခြားခြား မှော်ပညာ တစ်စက်မှ မပါရှိဘဲ မွေးဖွားလာခဲ့သူ တစ်ယောက်ပါ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ထိုသူရဲ့ မှော်စွမ်းရည်နဲ့ သတ်မှတ်ခွဲခြားတဲ့ လောကကြီးမှာ Mash ရဲ့ တည်ရှိမှုဟာ မှော်မျိုးနွယ်တွေအတွက် မျက်စိစပါးမွှေး စူးစရာလို ဖြစ်နေခဲ့တာပေါ့။ အဲ့တာကြောင့်ပဲ Mash ဟာ သူမွေးစားအဖေနဲ့အတူ လူသူကင်းတဲ့ တောနက်ထဲမှာပဲ ခြေရာဖျောက်နေရင်း သူရဲ့ ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာအောင်သာ လေ့ကျင့်နေခဲ့ရပါတယ်။ ကံမကောင်း အကြောင်းမလှတဲ့ တစ်နေ့မှာတော့ Mash ရဲ့ တည်ရှိမှုကို မှော်လောကသားတွေ သိရှိသွားခဲ့ကြပြီးတဲ့နောက်မှာတော့ Mash ရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားရပါတော့တယ်။ မွေးစားအဖေဖြစ်သူနဲ့ အေးဆေးချမ်းတဲ့ဘဝကို ဆက်လက်ဖြတ်သန်းနိုင်ဖို့အတွက် Divine Visionary ဆိုတဲ့ Title ကိုရရှိဖို့ မှော်ကမ္ဘာရဲ့ ထိပ်တန်းကျောင်းတော်ကြီးဖြစ်တဲ့ Easton မှော်ကျောင်းတော်ကြီးကို ဝင်ရောက်လိုက်ရတဲ့ Mash တစ်ယောက် သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ Easton မှာ အတန်းဖော် မှော်ကျောင်းသားတွေကရော ခွန်အားကိုသာ အားကိုးတဲ့ Mash အပေါ် ဘယ်လိုဆက်ခံကြမလဲ။ Mash ကရော Divine Visionary ဘွဲ့ကို ရရှိပြီး မှော်လောကာသားတွေ အပေါ် သူရဲ့ တည်ရှိမှုကို မေးခွန်းမထုတ်နိုင်အောင် လုပ်ဆောင်နိုင်လေမလားဆိုတာကို ဟော့သည့် နာမည်ကြီး Manga အပေါ် အခြေခံ ရိုက်ကူးထားတဲ့ Animation Series သစ်လေးထဲမှာ စိတ်ဝင်တစား ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခဗျ”

 

သည်ကားကိုတော့ Japanimation လောကရဲ့ ထိပ်တန်း Studio တစ်ခုဖြစ်တဲ့ A-1 Picture က တာဝန်ယူ တင်ဆက်သွားမှာဖြစ်ပြီး ဧပြီ ၈ ရက်၊ ၂၀၂၃ ခုနှစ်ထဲက စတင်ပြသနေပြီလည်းဖြစ်ပါတယ်။ မူရင်း Manga ကိုတော့ Mangaka ဖြစ်သူ Hajime Kōmoto က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆွဲ တင်ဆက်ထားပြီး Shueisha ရဲ့ Weekly Shōnen Jump မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ ယခုအထိတိုင် အပတ်စဥ် တင်ဆက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအထိ tankōbon Volumes ၁၆ ခု ထွက်ရှိထားကာ ပထမဆုံး Volumes ထွက်ရှိတဲ့ နှစ်မှာတင် Copies ပေါင်း ၄ မိလီယံကျော် ရောင်းချခဲ့ရတဲ့ Manga တစ်ခုလည်းဖြစ်ပါတယ်။ တခြားအောင်မြင်မှုတွေ အနေနဲ့ ၆ ကြိမ်မြောက် Next Manga Award မှာ Nomination အခု ၅၀ ထဲ၌ အဆင့် ၁၁ ရရှိခဲ့သလို Honya Club Website ရဲ့ Nationwide Bookstore Employees’ Recommended Comics of 2021 စာရင်းမှာလည်း အဆင့် ၃ ရရှိခဲ့ကာ ၆၇ ကြိမ်မြောက် Shogakukan Manga Award မှာလည်း Shōnen ခေါင်းစဥ်အောက်မှာ Nominated ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် Manga နဲ့ Comic လောက ဝေဖန်ရေးသမား များစွာရဲ့ ထင်မြင်ချက်ပေါင်းစုံကိုလည်း ရရှိထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် သင်သာ Wizarding World တွေနဲ့ Magical ပိုင်းကို ကြိုက်နှစ်သက်တဲ့ Potterhead တစ်ယောက်သာဆို မဖြစ်မနေ ကြည့်ကို ကြည့်သင့်တဲ့ Harry Potter Parody … အဲ့လေ၊ မှော်ဇာတ်ကားကောင်း တစ်ကားဖြစ်မှာ အသေအချာပါပဲ။ ဆိုတော့ လက်မနှေးနေပဲ အခုချက်ချင်း SABF Website ထဲ သွားပြီး Chill လိုက်ကြပါတော့ဟု …

 

Information

Type: TV
Episodes: 12
Status: Currently Airing
Aired: Apr 8, 2023 to ?
Premiered: Spring 2023
Broadcast: Saturdays at 00:00 (JST)
Licensors: Aniplex of America
Studios: A-1 Pictures
Source: Manga
Genres: ActionComedyFantasy
Themes: Gag HumorParodySchool
Demographic: Shounen
Duration: 23 min. per ep.
Rating: PG-13 – Teens 13 or older

#Translator_Sarira
#Encoder_Evil

Release Year
Firt air date
Last air date2023-04-08
TypeScripted
Popularity94.731
TV StatusReturning Series

Seasons and episodes

1 MASHLE: MAGIC AND MUSCLES - Season 1

Videos

Comments