My Wife Has No Emotion Japan Anime
Haloooo! ကဲ သားကြီးတိုရေ FAဖြစ်လဲ အိမ်ထိန်းသိမ်းဖိုလောက်တော့ စက်ရုပ်ဝယ်ပစ်လိုက်မယ်ဆိုတဲ့ အိပ်မက်တွေအတွက် စိတ်ကူးယဥ်လိုကောင်းမယ့် Rom-com animeလေး လာပါပြီ။နာမည်လေးကတော့ My wife has no emotion ပါတဲ့။ ဒီ Animeကိုတော့ July 2ရက်မှာ ထွက်မယ်လို ကြေငြာထားခဲ့တာပါ။
မိုးအေးအေးမှာ Tezuka Productionရဲ့ လက်ရာ စိတ်ကူးကွန့်မြူးလိုရမယ့် ဒီကားလေးကတော့ ရုံးတက်အိမ်ပြန် ရိုးအီနေတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ လူပျိုကြီးတစ်ယောက်ရဲ့ ခံစားချက်မပါတဲ့သူကိုမှ ချစ်သွားမိပုံ အကြောင်းပါတဲ့။
Review – Takumaဟာ နေ့စဥ်ပုံမှန် ရုံးတက် အိမ်ပြန် routineနဲ့ပဲ နေ့တိုင်းအချ်ိန်ကုန်နေရတဲ့ သာမန်ရုံးဝန်ထမ်း လူပျ်ိတစ်ယောက်ပါ။ သာမန်ဘဝမှာ ငြီးငွေ့လာတဲ့ Takumaကတော့ အိမ်ကို ထိန်းသိမ်းဖို စက်ရုပ်မလေး တစ်ရုပ်ဝယ်လိုက်ပါတော့တယ်။
Mina chanဟာ ကျွမ်းကျင်တဲ့ အိမ်တော်ထိန်း စက်ရုပ်မလေးဖြစ်တော့ အရာရာ သေချာလုပ်နိုင်နေတဲ့အခါ စက်ရုပ်ဖြစ်မယ့်အစား သူ့မိန်းမပဲ လုပ်ဖို Takumaက စလိုက်မိပါတယ်။ စက်ရုပ်ဦးနှောက်နဲ့ Minaကတော့ Takumaရဲ့ အလွယ်စကားကို အလေးအနက်မှတ်ထင်ပြီး ဇနီးကောင်းတစ်ယောက်ဖြစ်ဖို နေထိုင်ပြင်ဆင်လာခဲ့ပါတယ်။ နှစ်ယောက်သား အတူတူ အချိန်ဖြုန်းတာတွေ များလာတဲ့အခါမှာတော့ Takumaတစ်ယောက် စက်ရုပ်မလေး Mina chanအပေါ် ခံစားချက်တွေ ပေါ်ပေါက်လာပါတော့တယ်။
သူတိုရဲ့ လူသားနဲ့ စက်ပစ္စည်းကြားက ချစ်ခြင်းမေတ္တာဟာ ခိုင်မြဲပါ့မလား ? ခံစားချက်မရှိတဲ့ စက်ရုပ်လေးက်ိမှ ချသ်မိရင်း ဘယ်လိုအလွဲတွေရော မြင်တွေ့ရဦးမလဲ ဆိုတာကတော့ အတူတူကြည့်ရှုရင်း ခံစားကြည့်ရအောင်ပါဗျာ ။