Review – ဇာတ်လမ်းရဲ့အစမှာ Kotarou ဆိုတဲ့ကောင်လေးက ဒေစီပန်းတွေနဲ့စိမ်းစိုနေတဲ့ တောင်ကုန်းလေးတစ်ခုပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ Kotarou က ဒါကိုအိပ်မက်တစ်ခုပဲလို့ ယူဆခဲ့ပေမယ့် တကယ့်လက်တွေ့ ဒီမိန်းကလေးနဲ့ ဆုံတဲ့အခါမှာတော့ ထိတ်လန့်ပြီး ဖြေရှင်းဖို့နည်းလမ်း စဥ်းစားရပါတော့တယ်။ အဲ့ဒီလိုနဲ့ ကျောင်းရဲ့ စုန်းမလို့နာမည်ကြီးသူမိန်းကလေးတစ်ယောက်နဲ့တွေ့သွားပြီး သဘာဝလွန်ဖြစ်ရပ်တွေ ရှိ၊ မရှိ ငြင်းခုံကြရင်း စူးစမ်းလေ့လာကြဖို့ အဖွဲ့တစ်ခုထူထောင်လိုက်ပါတယ်။ ဒီလိုလေ့လာကြရင်းနဲ့ Kotarou သိလိုက်ရတာက ကမ္ဘာကြီးကို ဖျက်စီးပြီး ကယ်တင်ချင်တဲ့လူတွေနဲ့ ကမ္ဘာကြီးကို စောင့်ရှောက်ပြီး ကယ်တင်ချင်တဲ့လူတွေရှိတယ်ဆိုတာကိုပါပဲ။ ဒီလိုလူတွေကြားမှာ Kotarou ကရော ဖျက်စီးတဲ့ဘက်လား၊ ကယ်တင်တဲ့ဘက်လား ဘယ်ဘက်ပါမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ပြီး ရှုစားပေးပါ
Encoder_Evil
Transltor_Austin