SABF : Summer Anime Best Friends
SPY x FAMILY

SPY×FAMILY

1 Seasons 25 Episodes
Returning Series

SPY x FAMILY

9.3
TMDb: 9.3/10 10 votes

General information

Original nameSPY×FAMILY
Created by

Backdrops

SPY x FAMILY
SPY x FAMILY
SPY x FAMILY
SPY x FAMILY

Synopsis of SPY x FAMILY

ကြည့်ရှုရန် အလယ်မှ Episode ကို နှိပ်ပါ

Review – “Twilight ဆိုပြီး Codename ပေးထားတဲ့ လူတစ်ယောက်ဟာ Westalis နိုင်ငံရဲ့ သူလျှို SPY တစ်ယောက်ဖြစ်ပြီး Westalis နိုင်ငံနဲ့ သူရဲ့ပြိုင်ဘက်အိမ်နီးချင်းနိုင်ငံ Ostania တို့ကြားမှာ ငြိမ်ချမ်းရေးရရှိဖို့အတွက် မစ်ရှင်တွေအစွမ်းကုန်ဆောင်ရွက်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့အန္တရာယ်များလှတဲ့ဘဝမှာ မျက်နှာဖုံးအထပ်ထပ်နဲ့အသက်ရှင်နေရတဲ့ သူ့ဘဝထဲကို တစ်ခါမှမကြုံခဲ့ရဖူးတဲ့ခက်ခဲမှုအတိုင်းအတာနဲ့ မစ်ရှင်တစ်ခုဝင်ရောက်လာခဲ့တဲ့အခါမှာ … ငြိမ်းချမ်းရေးဆိုတဲ့ အရာတစ်ခုရရှိဖို့ဆိုတာဟာ အပြောအလွယ်ပေမယ့် အလုပ်ကသေမလိုခက်ခဲပါတယ်။ အထူးသဖြင့် အဖျက်အမှောင့် အဖျက်သမားတွေပေါ်လာတဲ့ အခါမျိုးတွေမှာပေါ့။ ဒီလိုပဲ Westalis နိုင်ငံအနေနဲ့ Ostania နိုင်ငံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဝင်ရောက်နှောင့်ယှက်လိမ့်မယ်လို့ သံသယရှိနေတဲ့ Ostania ဘက်ကနိုင်ငံရေးသမားတစ်ယောက်ကို စုံစမ်းထောက်လှမ်းဖို့အတွက် Twilight ကိုတာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားပီပီ သတိကြီးရှာတဲ့ Ostania နိုင်ငံရေးသမားကဖြင့် တစ်နှစ်မှာတစ်ခါလောက်သာ လူမြင်ကွင်းရှေ့ကို မျက်နှာထွက်ပြတတ်တဲ့အခါမျိုးမှာ … Westalis ဘက်က Twilight ကိုအသွင်ယူဖို့ Tips လေးတွေအမိန့်ပေးခဲ့ပါတယ်။ အဲ့တာတွေကတော့ မိန်းမနဲ့ ကလေး တစ်ယောက် မရရအောင်ရှာပြီး Ostania နိုင်ငံရေးသမားရဲ့သားတက်နေတဲ့ကျောင်းမှာ အဲ့ကလေးကိုပါကျောင်းသွင်းပြီး အနားကပ်ဖို့ပါပဲ … ဘဝမှာ အကျပ်အရိုက်ဆုံးတာဝန်တစ်ခုကို ရလိုက်တဲ့ Twilight ကတော့ဖြင့် ငြင်းမရတဲ့အဆုံး Loid Forger ဆိုတဲ့နာမည်တုအောက်ကနေ မိဘမဲ့ဂေဟာတစ်ခုက Anya ဆိုသူ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို မွေးစားလိုက်ရပါတယ်။ ဒါပေမယ့် Anya က ငယ်ငယ်ကစမ်းသပ်ခံခဲ့ရမှုတွေကြောင့် သူမမှာ Telepathy စွမ်းရည်ရှိနေတာကို Loid ကိုမပြောပြခဲ့ပါဖူး။ အဲ့နောက်ပိုင်းမှာတော့ Anya Forger ဟူသည့်နာမည်နဲ့ သူမကို Ostania နိုင်ငံရေးသမားရဲ့သားတက်နေတဲ့ကျောင်းမှာ ကျောင်းသွင်းပေးလိုက်ပြီးတဲ့နောက်မှာ ဇနီးမယားနေရာအတွက်ကိုတော့ Yor Briar အမည်ရအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ် … သို့သော် Yor ကလည်းသာမန်ညောင်းညတစ်ယောက်မဟုတ်ပဲ Loid တောင် သတိမထားမိရှာတဲ့ Assassin တစ်ယောက်ဖြစ်နေတဲ့အခါမှာ … ထူးခြားမှုအ​ပေါင်းနဲ့စတင်တည်ဆောက်ခဲ့တဲ့ Forger မိသားစုကြီးဟာဆိုရင်ဖြင့် နေ့ရက်တိုင်းမှာ သာမန်မိသားစုဘဝနှင့်အလုပ်တာဝန်တွေကို မည်သို့မည်ပုံဒွန်တွဲပြီး ဘယ်လိုဖြတ်သန်းကြမလဲဆိုတာကိုတော့ …”

April Anime ရာသီမှာ နာမည်အကြီးဆုံးနဲ့ လူစိတ်ဝင်စားမှုအများဆုံးကိုပြောပါဆိုရင် သေချာပေါက်လက်ညိုးထိုးပြရမယ့် ဒီဇာတ်လမ်းကိုတော့

Tatsuya Endo ရဲ့ 2019 မှာစတင်ဆွဲသားခဲ့တဲ့ Manga ကနေ Adapt လုပ်ထားတာပဲဖြစ်ပါတယ် … Shueisha ရဲ့ Shōnen Jump+ ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းတို့မှာ နှစ်ပတ်တစ်ကြိမ်တင်ပေးနေကြဒီ Manga Series ဆိုရင်တော့ လက်ရှိအချိန်အထိ Tankōbon Volume ၉ ခုတိတိရရှိထားပြီးဖြစ်ကာ ၂၀၁၉ မှာ Next Manga Awards နဲ့ 4th Tsutaya Comic Awards တို့မှာ Title အသီးသီးနဲ့ရရှိခဲ့ပြီး ၂၀၂၀ အတွင်းမှာတော့ 13th Manga Taishō မှာ ဒုတိယနေရာ၊ Da Vinci 21th Annual Book of Year မှာ တတိယနေရာ တို့ကိုရရှိခဲ့ပါပြီး 44th Kodansha Manga Award ရဲ့ Best Shōnen Manga နဲ့ 24th Tezuka Osamu Cultural Prize တို့မှာတော့ Nominated ဖြစ်ခဲ့ပါတယ် …

နောက် ၂၀၂၁ အရောက်မှာလဲ 14th Manga Taishō မှာ ဒဿမနေရာကို ရရှိခဲ့ပြီး နိုင်ငံတကာ Comics ဆုတွေဖြစ်တဲ့ Eisner Award နဲ့ Harvey Award တို့မှာလဲ Best U.S Edition of Intl Mat. – Asia နဲ့ Best Manga တို့အောက်မှာ Nominated ဖြစ်ခဲ့ပါသေးတယ် … ဒီ Manga ရဲ့ အောင်မြင်မှုတွေအကြောင်းပြောရရင် စာတော်တော်ရှည်သွားမှာမို့လို့ ဒီမှာပဲရပ်နားထားပါရစေ

:c Animation ပိုင်းမှာ နုနုရွရွလေးကအစ အသေးစိတ်ကိုင်ကွယ်တတ်တဲ့ Clover Work ကိုမှ Action ပိုင်းမှာ God ကြီးတစ်ဆူဖြစ်တဲ့ WIT Studio က အားဖြည့်ပေးလိုက်တော့ ဘာမှကိုထပ်ပြောစရာမလိုတော့လောက်အောင် Art ပိုင်းမှာရော Animation ပိုင်းမှာပါ Perfect ဖြစ်နေတာကို Episode 1 ကစလို့မြင်တွေ့ရမှာပါ … ကဲ ဆိုတော့ ဘာလုပ်နေတာတုန်း? မြန်မြန် Website ထဲ ၀င်ကြည့်လိုက်တော့လေ ~

 

Information

Type: TV
Episodes: 12
Status: Currently Airing
Aired: Apr 9, 2022 to ?
Premiered: Spring 2022
Broadcast: Saturdays at 23:00 (JST)
Licensors: None found, add some
Source: Manga
Genres: ActionComedy
Theme: Childcare
Demographic: Shounen
Duration: 24 min. per ep.
Rating: PG-13 – Teens 13 or older

 

#Translator_Yuu

#Encoder_Evil

Release Year
Firt air date
Last air date2022-04-09
TypeScripted
Episode runtime24 min
Home PageSPY x FAMILY
Popularity210.151
TV StatusReturning Series

Seasons and episodes

1 SPY x FAMILY - Season 1

Videos

Comments