Review – တခြားသူတွေအတွက်တော့ ပြန်လည်ရှင်သန်ခြင်းဆိုတာဟာ အထင်ကြီးစရာကောင်းလောက်မယ်ဆိုပေမဲ့ Rishe ဆိုတဲ့ မိန်းကလေးအတွက်ကတော့ ခုနစ်ကြိမ်မြောက် ပြန်လည်ရှင်သန်ခြင်းကို ရောက်နေခဲ့ပါပြီ။ သူ့ရဲ့အရင်ဘဝတွေမှာ ကုန်သည်တစ်ယောက် သူရဲကောင်းတစ်ယောက်အနေနဲ့ ဓားသွားတွေနဲ့ ရင်ဆိုင်ကာ စိတ်လှုပ်ရှားမှုတွေကို လုံလုံလောက်လောက် ကြုံတွေ့ခဲ့ပြီးခဲ့ပါပြီ။ အခုဘဝမှာတော့ အဲဒီလိုစိတ်လှုပ်ရှားမှုတွေကို စွန့်လွှတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ ဆုံးဖြတ်လိုက်ပေမဲ့ အဲဒီဘဝကနေ လွတ်မြောက်ဖို့အတွက် သူ့ကိုသတ်မဲ့ လူသတ်သမားဖြစ်လာမဲ့ ချောမောတဲ့ မင်းသားတစ်ပါးနဲ့ လက်ထပ်ဖို့လိုအပ်လို့ နေပါတယ်။ ခြောက်ဘဝတိုင်တိုင် တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံ ကျွမ်းကျင်မှု အရည်အချင်းတွေနဲ့ ဒီဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် လုပ်ဆောင်သွားပြီး သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မလားဆိုတာကတော့…