SABF : Summer Anime Best Friends
1080p BluRay Josee, the Tiger and the Fish
Report error

Josee, the Tiger and the Fish

Josee, the Tiger and the Fish    

N/A 99 min DramaRomanceSlice of life

7.8
IMDB: 7.8/10 2,762 votes

, , , ,

, , , , , , ,

3 nominations

Japan

231

Report error

Review – ရေငုပ်တာကို ကြိုက်နှစ်သက်ပြီး အဏ္ဏ၀ါဇီ၀ဗေဒ ကို အထူးစိတ်၀င်စားတဲ့ တက္ကသိုလ်ကျောင်းသားလေး Tsuneo Suzukawa ဟာ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် ရရာ အချိန်ပိုင်းအလုပ်တွေအကုန်လုပ်ပြီး ပိုက်ဆံစုဆောင်းနေတဲ့ကောင်လေးတစ်ယောက်ပါ … ဒါပေမယ့် ကြမ္မာငင်တဲ့တစ်ညမှာတော့ သူ့ဆီကို တန်းတန်းမတ်မတ်ရောက်လာပြီး ၀င်တိုက်မိခဲ့တဲ့ ၀ှီးချဲနဲ့ ကောင်မလေးတစ်ယောက်ကြောင့် သူ့ရဲ့ဘ၀လမ်းကြောင်းဟာ ပြောင်းလဲသွားခါနီးဖြစ်သွားခဲ့ရပါတယ် … “ဂျိုဆဲ” ဟူ၍ သူ့ကိုယ်သူ သမုတ်ထားတဲ့ Kumiko ဆိုတဲ့ ကြောင်ရိုင်းမလေးဟာ မွေးရာပါ ခြေထောက်မသန်းစွမ်းသူတစ်ယောက်ပါ … Kumiko ရဲ့ အဖွားဖြစ်သူ၏ တောင်းဆိုမှုဖြင့် ကြမ္မာငင်နဲ့ညမှာ သူမနဲ့၀င်တိုက်မိခဲ့တဲ့ Tsuneo က သူ့မရဲ့ အစောက်အရှောက် အုပ်ထိန်းသူ ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ် … တနည်းအားဖြင့်ပြောရရင် Kumiko ကိုစောင့်ရှောက်ပေးဖို့ Tsuneo ကို အချိန်ပိုင်းအနေနဲ့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ငှားလိုက်တာပါ … အစပိုင်းမှာ “ဂျိုဆဲ” ခေါ် Kumiko ရဲ့ အထက်စီးဆန်ဆန် ရိုင်းစိုင်းတဲ့ အပြုအမူတွေကို Tsuneo တစ်ယောက် တော်တော်ကြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပေမယ့်လို့ နိုင်ငံခြားဖို့ ပိုက်ဆံလိုနေသေးတာက တစ်ကြောင်း … Kumiko အဖွားဖြစ်သူက သူ့ကို ပိုက်ဆံများများပေးပြီးငှားထားခဲ့တာ ဖြစ်သည်ကတစ်ကြောင်းတို့ကြောင့် သည်းခံပြီးရင်သည်းခံနေခဲ့ပါတယ် … ဒါပေမယ့် တစ်ရက်မှာတော့ Tsuneo တစ်ယောက် သူ့အိမ်မက်တွေပြည့်ဖို့ အခွင့်အရေးတစ်ခုပေါ်လာခဲ့ပြီး Kumiko ဆီကနေ အလုပ်ထွက်ဖို့ ပြင်ခဲ့ပါတယ် … ဒါပေမယ့် Kumiko ရဲ့ တကယ့်အိမ်မက်အစစ်ကို Tsuneo တစ်ယောက် သိလိုက်ရတဲ့ အချိန်မှာတော့ အလုပ်ထွက်ဖို့ ချိတုံချတုံဖြစ်သွားခဲ့ရပါတယ် … Tsuneo တစ်ယောက် အလုပ်ထွက်ပြီးနိုင်ငံခြားကိုသွားဖြစ်ပါ့မလား? သူ့စိတ်ကို ယိမ်းယိုင်သွားစေခဲ့တဲ့ Kumiko ရဲ့ အိမ်မက်ကရော ဘာဖြစ်မလဲ? Tsuneo နဲ့ “ဂျိုဆဲ” ခေါ် Kumiko ၂ ယောက်တို့ရဲ့ ဇာတ်လမ်းလေးကရော ဘာဆက်ဖြစ်မလဲ? Josee The Tiger and the Fish ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားနိုင်ပါတယ် geyimedicals.es ခဗျာ … ဒီကားလေးဟာ ဆိုရင်ဖြင့် Seiko Tanabe ရေးသားထားတဲ့ 1984 ခုမှာ ဒီနာမည်အတိုင်းပဲထွက်ရှိခဲ့တဲ့ Short Story လေးကို ပြန်အသက်သွင်းထားတဲ့ကားလေးပါ … 2003 ခုနှစ်မှာလဲ ဒီနာမည်နဲ့ပဲ Japan မှာ Live-Action Movie တစ်ကားထွက်ရှိခဲ့ဖူးသလို … 2020, ပြီးခဲ့တဲ့ နှစ်မှာလဲ Josée ဆိုတဲ့နာမည်နဲ့ South Korea မှာ Live-Action တစ်ကားထွက်ရှိခဲ့ပါသေးတယ် … (Manga ရှိတယ်လို့လဲကြားပါတယ် … အဲ့တာတော့ ဟုတ်မဟုတ် ကျွန်တော်မသိပါဖူး …) ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ရရင် ပထမဆုံးအနေနဲ့ Animation ကို ကျွန်တော်တော်တော်ကြီးကြိုက်ပါတယ် … Animated Movie တွေအတွက် ဒီလို Animation မျိုးက အထူးအဆန်းမဟုတ်ပေမယ့်လို့ ကျွန်တော်ကတော့ တော်တော်အားရပါတယ် … Bones.Inc အနေနဲ့ တော်တော်ကြီး budget စိုက်ထုတ်ထားတာတွေ့ရမှာပါ … Bones ဆိုတာကလဲ Soul Eater, Mob Psycho 100, Sk8 the Infinity, Bungo Stray Dogs, My Hero Academia စတဲ့ နာမည်ကြီး series တွေရဲ့ Home ဆိုတော့ကာ နယ်နယ်ရရတော့ မဟုတ်ပါဖူး … ဇာတ်လမ်းပိုင်းကိုကြည့်မယ်ဆိုရင်လဲ အရင် Live Action Movie တွေကိုကြည့်ဖူးတဲ့သူတွေပဲဖြစ်ဖြစ် မူရင်း Short Story ကို ဖတ်ဖူးတဲ့သူတွေပဲဖြစ်ဖြစ် ဇာတ်လမ်းက ဘယ်လောက်စီးမျောဖို့ကောင်းလဲသိကြမှာပါ … ဘာမှထူးထူးခြားခြား Plot twist တွေ မပါဖူးဆိုပေမယ့် ရိုးရိုးရှင်းရှင်းလေးကိုက သဘောကျဖို့ကောင်းတာပါ … ဒါ့အပြင်ကိုမှ Animation ဆိုတော့ ပိုပြီး သရုပ်ဖော်လို့ကောင်းသွားတာပေါ့ … Seiyuu တွေဆိုတာကလဲ Flim Star တွေကိုယ်တိုင် ၀င်သရုပ်ဆောင်ပေးထားတာပါ … Voice Acting တွေကိုလဲ တော်တော်အားရပါတယ် … Music ပိုင်းကိုတော့ Intro ကို Evan call ကရေးစပ်ပေးထားပြီး Insert song နဲ့ Ending song ၂ ပုဒ်ကိုတော့ နာမည်ကြီး Jpop/Rock အဆိုတော် E ve က သီဆီုပေးထားပါတယ် … ဒီကာဟာ Opening မှာ Japanese Box office ရဲ့ 9th နေရာကိုရရှိခဲ့ပြီး 75 ကြိမ်မြောက် Mainichi Flim Award နဲ့ 44 ကြိမ်မြောက် ဂျပန်အကယ်ဒမီဆုပေးပွဲ တို့မှာလဲ Nomination ၀င်ခဲ့ပါတယ် … IMDB မှာလဲ 7.8/10 ရရှိထားပြီး … ကျွန်တော့်ကိုယ်ပိုင် rating ပေးရမယ်ဆိုရင်လဲ 10/10 ပေးပါတယ်

Information

Type: Movie
Episodes: 1
Status: Finished Airing
Aired: Dec 25, 2020
Producers: ShochikuKadokawaSonilude
Licensors: Funimation
Studios: Bones
Source: Novel
Duration: 1 hr. 38 min.

Rating: PG-13 – Teens 13 or older

Translator – CL
Encoder – Evil

Josee, the Tiger and the Fish
Josee, the Tiger and the Fish
Josee, the Tiger and the Fish
No downloads available

Related movies