SABF : Summer Anime Best Friends
Reborn to Master the Blade: From Hero-King to Extraordinary Squire

英雄王、武を極めるため転生す ~そして、世界最強の見習い騎士♀~

1 Seasons 12 Episodes
Returning Series

Reborn to Master the Blade: From Hero-King to Extraordinary Squire

7.4
TMDb: 7.4/10 7 votes

General information

Original name英雄王、武を極めるため転生す ~そして、世界最強の見習い騎士♀~

Backdrops

Reborn to Master the Blade: From Hero-King to Extraordinary Squire
Reborn to Master the Blade: From Hero-King to Extraordinary Squire
Reborn to Master the Blade: From Hero-King to Extraordinary Squire

Synopsis of Reborn to Master the Blade: From Hero-King to Extraordinary Squire

Review – “Silvare Kingdom ကိုတည်ထောင်ခဲ့တဲ့ ဘုရင်ကြီး Inglis ဟာ နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Alistia ဆီကနေ ကောင်းချီတွေရရှိထားတဲ့ living legend စစ်သည်တစ်ဦးဖြစ်ပါတယ်။ မရေမတွက်တိုင်တဲ့ Demon တွေ၊ Demon lord တွေနဲ့ ရန်သူတွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်ရှင်းလင်းပေးခဲ့ပြီး တိုင်းပြည်ကို အေးချမ်းသာယာစေခဲ့တဲ့ ဘုရင်ကြီးဟာဖြင့် တစ်နေ့တော့ ကံတော်ကုန်ဘဝ​​ကူးရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ နတ်ရွာစံခါနီးဆဲဆဲအချိန်မှာပဲ နတ်ဘုရားမ Alistia ရောက်လာပြီး ဘုရင်ကြီး Inglis အား သူရဲ့ မင်းကျင့်တရားနဲ့ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ လိုရာဆုတောင်းစေခဲ့ပါတယ်။ ဘုရင်ကြီး Inglis ကတော့ သူ့အနေနဲ့ ဘုရင်တစ်ပါးအနေနဲ့မဟုတ်ဘဲ သာမန်လူတစ်ယောက်အနေနဲ့ Silvare Kingdom ကြီးကို မြင်ကြည့်ချင်ပါတယ်ဆိုပြီး လူပြန်ဝင်စားခွင့်ပေးဖို့တောင်းဆိုလိုက်လေရော။ အဲ့လိုနဲ့ နတ်ဘုရားမက ဖြည့်ဆည်းပေးလိုက်တဲ့အချိန်မှာတော့ ဘုရင်ကြီးဟာ Noble မိသားစုတစ်စုရဲ့ သမီးအဖြစ်ပြန်လည်ဝင်စားခဲ့ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေမ​ပျောက်သေးတဲ့ ကလေးလေး Inglis ဟာ ငယ်ငယ်လေးထဲက Aether လို့ခေါ်တဲ့ Magic Particles လေးတွေကို ကောင်းစွာထိန်းချုပ်နိုင်နေခဲ့ပြီး Magic အကြောင်း ကောင်းစွာမသိရှိကြတော့တဲ့ တိုင်းပြည်မှာ သူတစ်ဦးတည်းကသာ Aether ကိုကောင်းစွာထိန်းနိုင်တဲ့သူတစ်ဦးဖြစ်လို့နေခဲ့ပါတယ်။ သို့သော် … သူ ပြန်လည်မွေးဖွားလာခဲ့တဲ့ တိုင်းပြည်၊ ခေတ်ကြီးထဲမှာ သူအတိတ်ဘဝက တည်ထောင်ခဲ့တဲ့ Silvare Kingdom အကြောင်း လုံးဝရှာမရတော့တဲ့အခါ၊ Aether အမှုန်လေးတွေရှိနေသေးတာတောင် လူတ္ကေ Magic အကြောင်း မသိကြတော့တဲ့အခါ၊ သူ့ကို ကောင်းချီအဖြာဖြာပေးခဲ့ဖူးတဲ့ နတ်ဘုရားမ Alistia နဲ့ အဆက်အသွယ် လုံးဝပြတ်နေတဲ့အခါ … ဘယ်လိုကိစ္စရပ်တွေဖြစ်ပေါ်လာမလဲ၊ Inglis ကတော့ ဘယ်လိုဖြေရှင်းမလဲ၊ အစရှိတာတွေကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် ခဗျာ” ဒီဇာတ်လမ်းကိုတော့ Light Novel အဖြစ် စာရေးဆရာ Hayaken ကရေးသားခဲ့ပြီး Illustrator Nagu က Artworks များဖန်တီးပေးခဲ့ကာ Shōsetsuka ni Narō ဝဂ်ဆိုက်ဒ် ကနေ ၂၀၁၉ ခုနှစ်၊ မတ်လက စပြီး Published ပေးခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ Hobby Japan က မူပိုင်ခွင့်ဝယ်ယူခဲ့ပြီး အဲ့အချိန်မှစ၍ physical book အဖြစ် published ပေးခဲ့တာ Volumes ၈ ခုအထိရှိသွားပြီဖြစ်ပါတယ်။ Manga version ကိုတော့ Mangaka ဖြစ်သူ Moto Kuromura မှ ဆွဲသားပေးခဲ့ပြီး Comic Fire ဝဂ်ဆိုက်ဒ်ကနေ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုအထိ tankōbon Volumes ၄ ခုအထိ published ထားပြီးပြီးလည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာ ၇ ရက်နှင့့် ၁၄ ရက်တို့မှာလည်း Comic Fire ရဲ့ Twitter Account ကနေ ၂ မိနစ်စီကြာမြင့်တဲ့ ONA anime ၂ ပိုင်းကို ဖြန့်ချီခဲ့ပါသေးတယ်။ ယခု TV Anime series ကိုတော့ Studio Comet ကနေ တာဝန်ယူရိုက်ကူးပေးထားကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကတည်းက စတင်ပြသနေခဲ့ပြီဖြစ်ပါတယ်။ Opening Song ဖြစ်တဲ့ “Day1” ဟာဆိုရင်လည်း ကျွန်တော်တို့မြန်မာလူမျိုးအဝင်း (ခေါ်) မိုရီဆာကီ ဝင်း က Featuring အနေနဲ့ ပါဝင်သီဆိုပေးထားတာဖြစ်လို့ အခုမှ ကျွန်တော်တို့ Website ထဲကနေ မလွတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်လားဗျ …

Information

Type: TV
Episodes: 12
Status: Currently Airing
Aired: Jan 10, 2023 to ?
Premiered: Winter 2023
Broadcast: Tuesdays at 01:45 (JST)
Licensors: None found, add some
Studios: Studio Comet
Source: Light novel
Genres: ActionFantasy
Duration: 23 min. per ep.

Rating: PG-13 – Teens 13 or older

#Translator_Kyouka
#Encoder_Evil

Airs On
Release Year
Firt air date
Last air date2023-02-07
TypeScripted
Episode runtime24 min
Popularity31.848
TV StatusReturning Series

Seasons and episodes

1 Reborn to Master the Blade: From Hero-King to Extraordinary Squire - Season 1

Videos

Comments