SABF : Summer Anime Best Friends
The Dreaming Boy Is a Realist

夢見る男子は現実主義者

1 Seasons 1 Episodes
Returning Series

The Dreaming Boy Is a Realist

9
TMDb: 9/10 2 votes

General information

Original name夢見る男子は現実主義者

Backdrops

The Dreaming Boy Is a Realist
The Dreaming Boy Is a Realist

Synopsis of The Dreaming Boy Is a Realist

“Wataru Sajou ဆိုတာ Aika Natsukawa ဆိုတဲ့ ကောင်းမလေးကို တစ်ဖက်သတ် ကြိတ်ကြိုက်နေတဲ့ အထက်တန်း ကျောင်းသားလေး တစ်ယောက်ပါ။ အတန်ဖော်တစ်ဦး ဖြစ်တဲ့ Natsukawa အပေါ် Sajou ရဲ့ ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြသမှုတွေက Stalker ဆန်နေတဲ့ အပြင် Natsukawa အတွက်လည်း သည်းမခံနိုင်စရာကောင်းနေလေတော့ Sajou ဟာ လူအမြင်ကပ်ခံရတဲ့ ကောင်လေးတစ်ယောက်ဆိုလဲ မမှားပါဘူး။ တစ်နေ့မှာတော့ ထုံစံအတိုင်း Natsukawa နောက်ကို တကောက်ကောက် လိုက်လာတဲ့ Sajou ဟာ ဘောလုံး တစ်လုံး မှန်မလို ဖြစ်သွားခဲ့ပါတယ်။ အဲ့အချိန်က စပြီး Sajou ဟာ သူနဲ့ မတူတော့သလို အမူအရာတွေ ပြောင်းလဲသွားခဲ့ပြီး Natsukawa နောက်ဆိုလည်း ဆက်ပြီး တကောက်ကောက် လိုက်ခြင်း မရှိတော့ပါဘူး။ အတန်ဖော်တွေအတွက်လည်း ထူးဆန်းနေခဲ့တဲ့ Sajou အား သူ့ သူငယ်ချင်းတွေမှ ​မေးမြန်းကြတဲ့ အခါမှာလည်း Natsukawa ကို လိုက်အနှောက်အယှက်မပေးချင်တော့ဘူးလို့သာ ပြန်ဖြေခဲ့ပါတယ်။ ရုတ်တရတ်ကြီး ထူးဆန်းသွားခဲ့တဲ့ Sajou အား Natsukawa ကိုယ်တိုင်က အိမ်တိုင်ရာရောက် လာပြီး သတင်းမေးတဲ့ အခါမှာတော့ Sajou က Natsukawa အား သူမကို လက်လွှတ်တော့မယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ဘောလုံးမှန်မလို ဖြစ်သွားတဲ့ Sajou တစ်ယောက် ဘာဖြစ်သွားတာလဲ။ Natsukawa ကရော Sajou က လိုက်မနှောက်ယှက်တော့ဘူးဆိုတော့ ပျော်ရွှင်ဝမ်းသာသွားလေမလား။ Natsukawa ကို လက်လွှတ်မယ်လို့ဆိုလာတဲ့ Sajou ကရော Natsukawa အပေါ် ချစ်စိတ်မရှိတော့လို့ စွန့်ပစ်လိုက်တာလား။ Natsukawa ကိုရော အဘယ့်ကြောင့် စတင် သဘောကျခဲ့တာ ဖြစ်မလဲ။ အစရှိသဖြင့် ထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ် အဖြာဖြာနဲ့ ပွဲထွက်လာခဲ့တဲ့ ယခု Rom-com လေးကို ပရိတ်သတ်ကြီး အနေနဲ့ စောင်ကိုက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ် ခင်ဗျား” သည်ကားလေးကိုတော့ ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ မနေ့ကစ၍ ပြသနေပြီ ဖြစ်ပြီး World End Harem၊ Tsurezure Child၊ နောက်လာမယ့် Reincarnated as a Vending Machine အစရှိတဲ့ Series တွေရဲ့ Animation adaptation တွေကို ပဲ့ကိုင်ပေးခဲ့တဲ့ Studio Gokumi နဲ့ AXisZ တို့ကပဲ ဆက်လက် ပူးပေါင်းပြီး Animate ပေးထားပါတယ်။ မူရင်း Novel ကိုတော့ စာရေးဆရာ Okemaru က ရေးသားထားပြီး Saba Mizore က Illustrate ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး Shōsetsuka ni Narō ဝဂ်ဆိုက်မှာ Publish ပေးခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ On going ဖြစ်နေဆဲ ဖြစ်ကာ Light Novel version ကိုတော့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ Hobby Japan မှ Publisher အဖြစ်တာဝန်ယူကာ ၄င်းတို့လက်အောက်မှ HJ Bunko ကနေ Imprint ပြီး လက်ရှိ အချိန်အထိ ထုတ်ဝေပေးနေပါတယ်။ LN အနေနဲ့ Volume ၈ ခု ထွက်ရှိထားခဲ့ပြီး Manga adaptation ကိုလည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ စ၍ Kadokawa Shoten မှ တာဝန်ယူကာ ၄င်းတို့ရဲ့ Shōnen Ace Plus website ကနေ serialization အဖြစ် တင်ဆက်နေခဲ့ပြီး mangaka အဖြစ် Popuri Yoshikita မှ တာဝန်ယူ ဆွဲသားပေးထားပါတယ်။ Manga ကလည်း လက်ရှိ အချိန်အထိ Volume ၄ ခုရှိနေခဲ့ပါပြီ။ Shōnen Rom-com ဇာတ်လမ်းတွေထဲမှာ ထူးထူးခြားခြား ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ အခု ဇာတ်ကားတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ SABF ရဲ့ တရားဝင် website လေးထဲမှာ အပတ်တိုင်း On going အဖြစ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ ခင်ဗျား …

Information

Type: TV
Episodes: 12
Status: Currently Airing
Aired: Jul 4, 2023 to ?
Premiered: Summer 2023
Broadcast: Tuesdays at 02:00 (JST)
Licensors: None found, add some
Studios: Studio GokumiAXsiZ
Source: Light novel
Genres: ComedyRomance
Theme: School
Duration: 23 min. per ep.

Rating: PG-13 – Teens 13 or older

#Translator_Aki
#Encoder_Evil

Airs On
Release Year
Firt air date
Last air date2023-07-04
TypeScripted
Episode runtime24 min
Popularity48.773
TV StatusReturning Series

Videos

Comments