SABF : Summer Anime Best Friends

Perfect Blue

Perfect Blue    

NC-17 81 min DramaHorrorPsychologicalUncategorized

8.0
IMDB: 8.0/10 78,876 votes

, , , , , , , , ,

4 wins & 4 nominations

Japan

154

Report error

ကိုင်း၊ ဒီတစ်ခေါက်မှာတော့ ကျွန်တောတို့အနေနဲ့ ဂျပန်နီမေရှင်း လောကသမိုင်းမှာ one of all time legendries movie အဖြစ်အခုအချိန်အထိ impact ကျဆင်းခြင်းမရှိသေးတဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ CHAM! ဆိုတဲ့ J-pop Idol အဖွဲ့မှာ ပွဲဦးထွက်ပြီးနောက် နှစ်နှစ်အကြာမှာ Mima Kirigoe တစ်ယောက် J-pop Idol လောက, ကနေ အနားယူပြီး ရုပ်ရှင်သရုပ်ဆောင်လိုင်းဘက်ကို ကူးပြောင်းခဲ့ပါတယ်။ ဒီလိုကူပြောင်းခြင်းကို ကြိုက်ကြတဲ့သူတွေလဲရှိသလို လုံးဝသဘောမတွေ့ကြတဲ့ သူတွေကလဲရှိနေပြန်ပါတယ်။ ဒီလိုနဲ့ Mima တစ်ယောက် သရုပ်ဆောင်လိုင်းဘက်ပြောင်းပြီးနောက် မကြာခင်မှာပဲ Me-Mania လို့ သိရှိရတဲ့ Obsessive fan တစ်ယောက်ရှိကနေ Stalk လုပ်ခြင်းခံရပါတော့တယ်။ ထို့နောက် တစ်ရက်မှာတော့ Mima ဟာ “Mima’s Room” လို့ခေါ်တဲ့ သူ့ရဲ့ perspective POV ကနေ Public Diary Entries တွေရေးသားထားသော ထူးထူးဆန်းဆန်း Website တစ်ခုကို အင်တာနက်ပေါ်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ Mima ဟာ သူ့မန်နေဂျာဖြစ်သူ Idol ဟောင်း Rumi Hidaka ကို ဒီအကြောင်းပြောပြခဲ့ပေမယ့်လည်း Rumi ကတော့ Mima ကို ဂရုမစိုက်ဖို့သာ အကြံပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ Mima ဟာ သူ့ရဲ့ Idol ပုံရိပ်တွေကို အပြီးတိုင် ချန်ရစ်ထားခဲ့နိုင်ဖို့အတွက် မှုခင်းဒရမ်မာ series တစ်ခုမှာ ပါဝင်သရုပ်ဆောင်နေခဲ့တာပါ။ အဲ့ … သို့သော်လည်း ကိစ္စတွေက ငြိမ်းအေးမသွားတဲ့အပြင် ပိုပြီးဆိုးလာတဲ့အခါ … ရိုက်ကွင်းမှာ ဘယ်လိုအခြေအနေတွေဖြစ်လာမလဲ။ Mima တစ်ယောက် သူလိုချင်တဲ့ ပန်းတိုင်ကိုရောက်နိုင်ပါ့မလား။ Mima’s Room နဲ့ Me-Mania တို့ရဲ့ သရုပ်မှန်တွေကရော ဘာတွေဖြစ်မလဲ။ အစရှိသဖြင့် လူသားတစ်ယောက်ရဲ့ အသေးစိတ်ကျကျ စိတ်ဝင်စားဖွယ် ရှုထောင့်တွေကို ပေါ်လွင်အောင်တင်ဆက်ပြသထားတဲ့ ဒီ Psychological-Thriller ကားလေးရဲ့ နာမည်ကတော့ Perfect Blue ပါတဲ့ ခဗျာ။ Perfect Blue ဟာဆိုရင်ဖြင့် Millenium Actress (2001), Tokyo Godfather (2003) နဲ့ Paprika (2006) တို့လို ဇာတ်ကားများကို ရိုက်ကူးဖန်တီးပေးခဲ့သူ နာမည်ကျော် Animator, Screenwriter နဲ့ Mangaka တစ်ဦးဖြစ်တဲ့ Satoshi Kon ကနေ ၁၉၉၇ ခုနှစ်မှာ သူရဲ့ Director အနေနဲ့ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းပါတယ်။ မူရင်းဝတ္ထုကိုတော့ စာရေးဆရာ Yoshikazu Takeuchi ရေးသားခဲ့ပြီး Pāfekuto Burū: Kanzen Hentai (Perfect Blue: Complete Metamorphosis) လို့အမည်ရကာ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ Reprint version ကိုတော့ Animation စတင်ပွဲဦးထွက်ပြီးနောက် ၁၉၉၈ ခုနှစ်မှာ ပြန်လည်ထွက်ရှိခဲ့ပြီ Anthology Sequel အနေနဲ့ Perfect Blue : Awaken from a Dream ကိုတော့ ၂၀၀၂ ခုနှစ်မှာ ဖြန့်ချီထုတ်ပေးခဲ့ပါတယ်။ Animation အကြောင်းနဲ့ပဲပြန်ဆက်ရရင် ဒီဇာတ်ကားကိုတော့ နာမည်ကြီး Studio တစ်ခုဖြစ်တဲ့ Madhouse ကနေ တာဝန်ယူ Animated ပေးခဲ့တာဖြစ်ပြီး Japanimation Movie အနေနဲ့ရော Asian Animated Movie အနေနဲ့ပါ သူ့ခေတ်၊ သူ့အခါက တော်တော်ကြီးအောင်မြင်ပေါက်မြောက်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ လက်ရှိအချိန်အထိလည်း Rotten Tomatoes မှာ Approval 83%၊ Review 52 ခုနဲ့အတူ Average Score 7.3/10 အထိရရှိထားတာလည်းဖြစ်ပါတယ်။ ပထမဆုံး World Premiere အဖြစ် ပွဲဦးထွက်ခဲ့တဲ့ ၁၉၉၇ ခုနှစ် Fant-Asia Festival မှာလည်း Best Asian Flim Award နဲ့ Best Animated Flim Award တို့ကို ရရှိခဲ့သလို ၁၉၉၈ ခုနှစ်၌ ဂျပန်မှာ ပြန်လည်ရုံတင် မပြသခင်အထိ ကမ္ဘာတစ်လွှားမှ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအများအပြားနဲ့ အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့သေးပါတယ်။ ဒီကားရဲ့ Live-Action version လို့ဆိုရမယ့် Perfect Blue : Yume Nara Samete ကိုတော့ ၂၀၀၂ ခုနှစ်မှာ မူရင်းဝတ္ထုကိုပဲ အခြေခံပြီး ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ ကိုင်း၊ ဆိုတော့ အသေးစိတ် ဆက်ပြောပြနေရင် စာရှည်မှာနဲ့၊ ဖတ်ရတာ ပျင်းလာမှာနဲ့၊ နောက် စပွိုင်လာတွေ တစ်သီကြီး ပါလာနိုင်တာမို့လို့ အခုပဲ Review စာအရှည်ကြီးကို ဒီမှာရပ်ပြီး ကျွန်တော်တို့ SABF ရဲ့ Website ထဲမှာ မြန်မာစာတန်းထိုး အဆင်သင့်လေးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလိုက်ရင်း ဝေဖန်အကဲဖြတ်ကြည့်ကြစို့လားဗျာ …

Information

Type: Movie
Episodes: 1
Status: Finished Airing
Aired: Feb 28, 1998
Producers: Rex EntertainmentONIRO
Studios: Madhouse
Source: Novel
Genres: Avant GardeDramaHorror
Duration: 1 hr. 21 min.
Rating: R+ – Mild Nudity
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue
Perfect Blue

Related movies