SABF : Summer Anime Best Friends
Life With an Ordinary Guy Who Reincarnated Into a Total Fantasy Knockout

異世界美少女受肉おじさんと

1 Seasons 12 Episodes
Returning Series

Life With an Ordinary Guy Who Reincarnated Into a Total Fantasy Knockout

6
TMDb: 6/10 2 votes

General information

Original name異世界美少女受肉おじさんと

Backdrops

Life With an Ordinary Guy Who Reincarnated Into a Total Fantasy Knockout

Synopsis of Life With an Ordinary Guy Who Reincarnated Into a Total Fantasy Knockout

ပထမဆုံးအနေနဲ့ပြောရရင် ဒီကားလေးက Yoai မဟုတ်တဲ့ Yoai ပါ  မျက်လုံးနှစ်လုံး ဆံပင်ဖုံးနေသော်လည်း ဟန်သိုင်းကာရိုက်တာမဟုတ်သလို့ စော်ပါမကြည့်တဲ့ မောင်မင်းကြီးသား Hinata Tachibana (Warning : dont search on Google :”) တစ်ယောက်ဟာ အသက် ၃၂ ရှိနေပြီဖြစ်ပေမယ့်လဲ စျေးဦးမပေါက် အဲ့လေ ရည်းစားမရသေးတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်နေသူတစ်ဦးပါ … သို့သော်ငြားလည်း အမောင်ဆံဖုံးရဲ့ ၂၅ နှစ်ကြာပေါင်းသင်းလာခဲ့သော ငယ်သူငယ်ချင်းအရင်းကြီး Jinguuji Tsukasa ကတော့ သူတို့ stage school ဘ၀ထဲက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေခဲ့သလို အမောင်ဆံဖုံးရဲ့ Crush တွေကပါ Jiguuji ကိုကြိုက်တဲ့အဖွဲ့တွေထဲမှာပါပါသွားတတ်ပါတယ် … အဲ့ဒါကြောင့်လဲ အမောင်ဆံဖုံးဟာ အကြံကုန်ဂဠုန်ဆားချက်တဲ့အနေနဲ့ Group Dating တိုင်းမှာ Jinguuji ကိုခေါ်သွားကာ မိန်းမမြန်မြန်ယူအောင်ကြံဆောင်ပါတော့တယ် … သို့သော်ငြားလည်း မိန်းမတွေရဲ့ မကောင်းဖူးလို့ မှတ်ယူထားတဲ့ မောင် Jinguuji ကတော့ မိန်းကလေးတွေကို လုံး၀စိတ်မ၀င်စားခဲ့ပါဖူး … အဲ့လိုနဲ့ စျေးဦးမပေါက်လို့စိတ်ညစ်ပြီးအရက်မူးအောင်သောက်ကာ ဘဲတကာကြည်မယ့် မိန်းမလှလေးဖြစ်ချင်ကြောင်း ထိုင်ရစ် အဲ့လေ လှဲရစ်နေတဲ့ အမောင်ဆံဖုံး ကို ၀တ်လစ်စားလစ်နဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ LED Goddess of Love and Beauty က ဆန္ဒတွေပြည့်အောင်ဖြည့်ဆည်းပေးလိုက်ပါတယ် … အပိုဆုအနေနဲ့ အမောင်ဆံဖုံးနဲ့ Jinguuji တို့ နှစ်ယောက်လုံးကို Isekai အထိပါ စားရိတ်ငြိမ်းပို့ပေးလိုက်ပါတယ် … အဲ့လိုနဲ့ပဲ … မိန်းကလေးလို ပြောင်းသွားတဲ့ အမောင်ဆံဖုံး တစ်ယောက် ခန္ဓာကိုယ်တင်ပြောင်းလဲသွားတာမဟုတ်ပဲ လိင်စိတ်၀င်စားမှုပါပြောင်းလဲသွားကြောင်းသိခဲ့ရသလို … Jinguuji အနေနဲ့ကလဲ အမောင်ဆံဖုံးရဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပုံစံကို မြင်မြင်ချင်းပဲ ရင်ဖိုမိခဲ့ပါတယ် … သို့သော်ငြားလည်း ၂၅ နှစ်တာသူငယ်ချင်းသံယောဇဥ်ကိုထိန်းသိမ်းလိုတာကတစ်ကြောင်း … နောက် နှစ်ယောက်လုံးရဲ့ “ယောကျာ်းလေးချင်း” ဆို အသိကြီးက ကြားခံနေတာတို့တစ်ကြောင်းတို့ကြောင့် မဟုတ်မဟတ်စိတ်ကူးတွေကိုရောက်ရာနေရာတွေ ဘရိတ်အုပ်ကာ ၀တ်လစ်စလစ် LED နတ်ဘုရားမ တောင်းဆိုတဲ့အတိုင်း မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းရန် ခရီးစတင်ထွက်ခွာကြပါတော့တယ် … သူတို့နှစ်ယောက် ခရီးလမ်းမှာဘယ်လို အန္တရာယ်တွေ ကြုံတွေ့ရမလဲ? မကောင်းဆိုးဝါးဘုရင်ကိုရော နှိမ်နင်းနိုင်ပါ့မလား? အမောင်ဆံဖုံးနဲ့ Jinguuji တို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘာဆက်ဖြစ်သွားမလဲ? ဟုတ်ကဲ့ ကျွန်တော်လဲ Manga မဖတ်ရသေးလို့ မသိပါဖူး  Anime ကလဲ အခုထိ Eposide 1 ပဲထွက်သေးတဲ့ On-going ပါ … ဒီကားလေးကတော့ ပြီးခဲ့တဲ့ ဒီလ ၁၂ ရက်နေ့က Episode 1 ထွက်ရှိလာခဲ့တာဖြစ်ပါတယ် … 2020, April 17 မှာစတင်ပြီး Cygames ရဲ့ Manga Website ဖြစ်တဲ့ Cycomi မှာ ထွက်ရှိထားခဲ့တဲ့ Manga အပေါ်အခြေတည်ထားတာဖြစ်ပါတယ် … Manga ကတော့ လောလောဆယ်အထိ Volume 5 ခုထွက်ရှိပါတယ် … ယခု Anime ကိုတော့ Japan ရဲ့ ခေါင် Studio ကြီးတွေထဲကတစ်ခုဖြစ်တဲ့ OLM ရဲ့ Team Yoshioka က ကိုင်တွယ်ပေးထားပါတယ် … အခုမှ အသစ်စက်စက် On-going လေးမို့ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဖူး … ဇာတ်လမ်းကိုယ်တိုင်က A Rom-com between Old Man and Ex-Old Man လို့ပြောထားတာမို့ Rom-Com တော့ဖြစ်လာမယ်မျှော်လင့်ရပါတယ် … ဒါပေမယ့် လောလောဆယ်အထိတော့ Comdey မြောက်တဲ့ကားတွေထဲပါပါတယ် … အဲ့တာကြောင့် ပေါ့ပေါ့ပါးပါး ခွီးချင်ရင်ဖြစ်ဖြစ် … စိတ်ညစ်လို့ စိတ်ထွက်ပေါက်ရှာချင်ရင်ပဲဖြစ်ဖြစ် … အခုပဲ Cmt မှာရှိတဲ့ Link ထဲက Website ကို၀င်ပြီး Direct Stream ကြည့်ရှုလိုက်ပါလို့ …

Information

Type: TV
Episodes: Unknown
Status: Currently Airing
Aired: Jan 12, 2022 to ?
Premiered: Winter 2022
Broadcast: Wednesdays at 00:00 (JST)
Licensors: None found, add some
Source: Manga
Genres: AdventureComedyFantasy
Duration: 23 min.

Rating: PG-13 – Teens 13 or older

#Translator_Yuu

#Encoder_Evil

 

Airs On
Production
Release Year
Firt air date
Last air date2022-01-12
TypeScripted
Episode runtime24 min
Popularity28.354
TV StatusReturning Series

Seasons and episodes

1 Life With an Ordinary Guy Who Reincarnated Into a Total Fantasy Knockout - Season 1

Videos

No data available

Comments